ကျောက်တန်းမြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီအသင်းခွဲငယ်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးအပ်သော ဂုဏ်ပြုလွှာများအား ထပ်ဆင့်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီအသင်းခွဲငယ်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးအပ်သော ဂုဏ်ပြုလွှာများအား ထပ်ဆင့်ပေးအပ်


MNP   -   မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စည်းရုံးဆောင်ရွက်မှုဖြင့် ဖွဲ့စည်းခဲ့သော အခြေခံပညာကျောင်းများမှ ကျောင်းကြက်ခြေနီ အသင်းခွဲငယ်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှပေးအပ်သည့် ဂုဏ်ပြုလွှာများ ပေးအပ်ပွဲကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက် (မြို့မ)အခြေခံပညာ အလယ်တန်းကျောင်းရှိ ရွှေသံလွှင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဂုဏ်ပြုလွှာများထပ်ဆင့်ပေးအပ်ပွဲတွင် ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းရီမှ မြန်မာနိုင်ငံတွင် ကြက်ခြေနီ အသင်း၏ အခြေခံမူဝါဒများ နိုင်ငံတကာစံချိန်စံနှုန်းများအညီဆောင်ရွက်နေမှု ရှေးဦးသူနာပြုမှုများ ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စေတနာကို ရှေ့တန်းတင်ပြီးဆောင်ရွက်ရမှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းရီနှင့်အမှုဆောင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးတို့မှ မြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း (၃၂)ကျောင်းတို့မှ ကြက်ခြေနီအသင်းခွဲငယ် တာဝန်ခံများကို ဂုဏ်ပြုလွှာများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ပေးအပ်သော PPE ဝတ်စုံ(၂)စုံနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာစာအုပ်များကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။


အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကြက်ခြေနီမှအသင်းမှအသင်းသားများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ / ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment