ဒလမြို့နယ်၌ အခြေခံပညာကျောင်းများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း မီးလောင်၊ မီးလန့်မှုမရှိစေရေး မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်၌ အခြေခံပညာကျောင်းများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း မီးလောင်၊ မီးလန့်မှုမရှိစေရေး မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်


MNP   -   မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အခြေခံပညာကျောင်းများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း မီးလောင်၊ မီးလန့်မှုမရှိစေရေး မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဒလမြို့နယ် မီးသတ်ဉီးစီးမှူး ဉီးဇာနည်ထက်မှဉီးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းအတွင်းရှိ အဆောင်များ အလိုက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများစစ်ဆေးခြင်း၊ ကျောင်းအတွင်း အုတ်ရေကန်များ ရေလုံလောက်မှုရှိ၊ မရှိစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စာမေးပွဲကာလအတွင်း မီးလောင်ခြင်း၊ မီးလန့်ခြင်းများ မဖြစ်ပေါ်စေရေးအတွက်ကျောင်းများ၊ နေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့်အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း မီးသတိပေးနှိုးဆော်မှုများ ဆောင်ရွက်ခြင်းတို့ကို မီးသတ်ဉီးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိပြီး စာမေးပွဲဖြေဆိုနေချိန်တွင် စာဖြေဌာနပတ်ဝန်းကျင်၌ လှည့်ကင်းများဖြင့် စောင့်ကြည့်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနမှ သတင်းရရှိကြောင်း သိရသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost






No comments:

Post a Comment