မအူပင်ခရိုင်အတွင်း MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်ခရိုင်အတွင်း MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


MNP   -   မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပသည်။


ရှေ့ဦးစွာ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေမှ SME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးသည်။


၎င်းနောက်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်သန္တာထွန်းမှ ချေးငွေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ဧရာဝတီဘဏ်၏တိုင်းဒေသကြီးတာဝန်ခံ အထွေထွေမန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်မှ MICRO LOAN ချေးငွေအကြောင်း မိတ်ဆက်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပြီး မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment