နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်မည့် မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကျေးရွာကော်မတီများဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်မည့် မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကျေးရွာကော်မတီများဖွဲ့စည်း



MNP ၊ မတ်  ၁၈

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ထုတ်လုပ်မည့် မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကျေးရွာကော်မတီများ ဖွဲ့စည်းခြင်းကို ယမန်နေ့က၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာဘုန်တော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။


        ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်မည့် မြစိမ်းရောင်စီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာန နှင့်သက်ဆိုင်တာဝန်ရှိသူတို့က ရန်ပုံငွေလုပ်ထုံးလုပ်နည်းနှင့်အညီ စာချုပ် စာတမ်းများဖြင့် စနစ်တကျထုတ်ပေးသွားမည်ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသ အလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ သုံးစွဲကြရန် ရှင်းလင်း ပြောကြားပြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်လိုသည့် ကျေးရွာကော်မ တီများအားဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။


အဆိုပါစီမံကိန်းမိတ်ဆက်ပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် ဒေသခံပြည်သူ(၄၀)ဦးခန့် တက်ရောက်ကြခဲပြီး၊ ကျေးရွာကော်မတီ များဖွဲ့စည်းပြီးပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများအား ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment