ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံEnglish Speaking နှင့်Grammer သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံEnglish Speaking နှင့်Grammer သင်တန်းဖွင့်လှစ်





MNP ၊ မတ်  ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍အခြေခံEnglish Speaking နှင့် Grammer သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မောင်တောခရိုင်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မောင်တောခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိရှိအသုံးပြုတတ်စေရန်၊ အင်္ဂလိပ်ဘာသာစကားကို အခြေခံမှစ၍ ကျွမ်းကျင်စွာပြောဆိုတတ်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းနည်းပြမှ ပို့ချပေးမည့် ဘာသာရပ်များအား စနစ်တကျလေ့လာမှတ်သားပြီး ၊ အချိန်ကို အကျိုးရှိစွာ အသုံးချရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်သင်တန်းနည်းပြဆရာမ ဒေါ်ခင်ဌေးသိန်းက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများ နှင့် အင်္ဂလိပ်စကားတတ် မြောက်ခြင်းအတွက် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။


 အဆိုပါသင်တန်းအား ‌အခြေခံပညာ ကျောင်းများမှ Grade-6,Grade 4, Grade-5 တို့တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးအားမတ်လ ၁၇ ရက်နေ့မှ ၃၁ရက်နေ့အထိ ပိတ်ရက်မရှိ နံနက် ၉ နာရီမှ ၁၁ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရပါသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)