ရှေးခေတ် ကျေးလက်ဒေသ ရိုးရာဓလေ့သုံး နွားလှည်းယာဉ်များ ယခုခေတ်တွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးခေတ် ကျေးလက်ဒေသ ရိုးရာဓလေ့သုံး နွားလှည်းယာဉ်များ ယခုခေတ်တွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေ


MNP ၊ မတ်  ၁၈

ရှေးခေတ် ကျေးလက်ဒေသ ရိုးရာဓလေ့သုံး နွားလှည်းယဉ်များကို ယခုခေတ်တွင်လည်း ရှေးမူ၊ ရှေးဟန် မပျောက်စေဘဲ ဆရာတော် သံဃာတော် ပူဇော်ပွဲများ၊  အလှူပွဲများနှင့် အလှပြယဉ်များ၌ တွင်တွင်ကျယ်ကျယ်ဖြင့် ပြန်လည်အသုံးပြုနေ ကြပြန်သည်။


မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ကျေးလက်ဒေသ တောရွာများတွင် အသုံးပြုသော လှည်းများမှာ (၁) လှည်းယာဉ် (၂)ခြံအိမ်လှည်း၊ (၃) ပေါင်းမိုးလှည်း၊ (၄) လှည်းမြီးတို၊ (၅) ရေစည်လှည်း၊ (၆) ဘုံလျှိုလှည်း၊ (၇) မယားကန်လှည်းဟူ၍ နွားလှည်းခုနှစ်မျိုးရှိသည့်အနက် လှည်းယာဉ် (ခေါ်)နွားလှည်းယဉ်လည်း တစ်မျိုး အပါဝင်ဖြစ်သည်။ နွားလှည်းယာဉ် ဆိုသည်မှာ ခြောက်စတောင် ပွတ်လုံးနှင့် ရံတိုင်များခြံရံကာ လှည်းအိမ်ကို အလှအပများနဲ့ ပြင်ဆင်မွမ်းမံထားသော အလှစီးလှည်းတစ်မျိုးဖြစ်သည်။


နွားလှည်းယာဉ်တွင် ဆင်စွယ်ညွတ် ဇင်ယော်တောင် မွန်းတည့်ကောက်ဟူ၍ သုံးမျိုးသုံးစားရှိပြီး ထိုလှည်း ယာဉ်သည် အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင် နွားအလှယာဉ် ပြိုင်ပွဲများအဖြစ်လည်းကောင်း၊ ဘုန်းတော်ကြီးများ ပင့်ဆောင်ရာ တွင်လည်းကောင်း နွားလှည်းယာဉ်ကို အသုံးပြုကြသည်။ ရှေးအခါက တောရွာများတွင် မိမိတို့ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်သံဃာတော်များ သွားရေးလာရေး အဆင်ပြေစေရန် လှည်းယာဉ်ကို လှူဒါန်းကြသေးသည်။ နွားလှည်းယာဉ် သည် အလှစီးသက်သက်ဖြစ်ပြီး လူငါးဦးသာ စီးနိုင်သည်။  ရှင်လောင်းလှည့် သည့်အခါ မောင်ရင်လောင်းများကို နွားလှည်းယဉ်ပေါ်တင်ပြီး လှည့်ကြရာ ကြည်နူးဖွယ်ဖြစ်ရသည်။ နွားလှည်းယာဉ်ကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသဖြင့် ခေတ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြသော်လည်း နှောင်းခေတ် ကာလတွင် တောဓလေ့သဘာဝနှင့် လိုက်ရော ညီထွေမှုရှိစေသည့် လှည်းယာဉ်ကို ပြုပြင်တည်ဆောက် အသုံးပြုလာကြ သည်။


ယခုခေတ်တွင် ပြည်ပမှ နည်းပညာ အတတ်ပညာများဖြင့်၊ မော်တော်ကား အမျိုးမျိုးနှင့် မော်တော် ဆိုင်ကယ်အမျိုးမျိုးတို့ ဝင်ရောက်ထိုးဖောက် နေရာယူကြသော်လည်း ကျေးလက်ဒေသများတွင် ရိုးရာဓလေ့သုံး နွားလှည်းယာဉ်များကို ဆက်လက်တွင် ကျယ်စွာ လုပ်ကိုင်အသုံးပြုနေကြသည့်အတွက် အားရစရာတစ်ခုဖြစ်ရပါသည်။ ထိုကဲ့သို့မြန်မာ့ ယဉ်ကျေးမှု မြန်မာ့အမွေအနှစ် အမှတ်တရများကို ယနေ့အထိ တွေ့မြင်နိုင်အောင် ထိန်းသိမ်းစောင့် ရှောက်ထားကြ သည်မှာလည်း ကြည်နူးဝမ်းမြောက်စရာပင် ဖြစ်သည်။ ရှေးယခင်ကတည်းက ခိုင်မာစွာတည်ရှိနေသော မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ကျေးလက်ဒေသ ရိုးရာဓလေ့သုံး နွားလှည်းယဉ်များကို ယခုခေတ်တွင်လည်း အလှူမင်္ဂလာပွဲ၊ ဆရာတော် ကြီးများ ပူဇော်ပွဲနှင့် အလှပြယဉ်များတွင် ရှေးမူ၊ ရှေးဟန်များကို ဖော်ဆောင်ပြီး ပြန်လည်၍ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသဖြင့် ဂုဏ်ယူစရာ ကောင်းလှပါတော့သည်။


ဇေယျာထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)