သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ



MNP ၊ မတ်  ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အဆိုပါအဆောက်အဦ အနုပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၄၀)ဦးခန့် တက်ရောက်ခဲ့သည်။


အသိပညာပေး ဟောပြောပွဲတွင် သံတွဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူး ဦးမျိုးမြင့်ထွန်းက စားသုံးသူကာကွယ်ရေးဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပေါ်ပေါက်လာခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်အသုံးပြုလိုက်သော ကုန်စည်ကြောင့် ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့်ဖြစ်စေ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ထိခိုက်နစ်နာ မှုများရှိပါက မိမိတို့၏ စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲ  တိုင်ကြားကြစေလိုကြောင်း၊ မိမိတို့ဘက်မှလည်း လိုက်နာရမည့် တာဝန်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ ပြည်သူများသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောကာ ကုန်စည်တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည်၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓါတ်မတည့် အကြောင်းဖော်ပြချက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment