လားရှိုးမြို့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်


MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်အား ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ  (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က လားရှိုးမြို့တွင် ကျင်းပမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော် ပရဝုဏ်အတွင်းရှိ ဆင်းရွှေလီ ကဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ မဟာသင်္ကြန် ပွဲတော်အား ဗဟိုမဏ္ဍပ်၊ ယိမ်းအက ပြိုင်ပွဲများ၊ လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်များ၊ စတုဒိသာ ကျွေးမွေးခြင်းများနှင့် ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဆင်နွဲနိုင်ရေးအတွက် ကော်မတီ အသီးသီးမှ ပူးပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။


ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများက မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်‌မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။


လားရှိုးမြို့တွင် ကျင်းပမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်၊ ယိမ်းအက ပြိုင်ပွဲများ၊ လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်များ၊ စတုဒိသာကျွေးမွေးခြင်းများနှင့် နိုင်ငံကျော် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment