သံတွဲမြို့၌ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိရေးစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိရေးစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်းဖွင့်လှစ်



MNP ၊ မတ်  ၉

           သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သံတွဲခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာအသိ ပညာပေးဟောပြောပွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာသင်တန်း ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၉ : ၃၀ နာရီ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


           အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြား ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ ၌ နိုင်ငံတော်သည်သဘာဝပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ရမည်ဟုပါရှိပြီး ပုဒ်မ၃၉၀(ခ)၌နိုင်ငံသားတိုင်းသည်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းကိစ္စရပ်များတွင်နိုင်ငံတော်အားကူညီရန် ဟုပါရှိသည့်အတွက်နိုင်ငံတော်အစိုးရ အဖွဲ့နှင့်တိုင်းသူပြည်သားအားလုံးပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အတူတကွပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းနင့် ရာသီဥတုပြောင်းလဲမှုကိုလျော့ချနိုင်ရန် နည်းလမ်း(၄)မျိုးဖြင့် ကြိုးပမ်းဆောင်ရွက်ရမည့်အချက်များကိုအသေးစိတ်ရှင်းဆွေးနွေးပြောကြားခဲ့သည်။


           ၎င်းနောက် သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုမွန်ဖြိုး ၊ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းအောင်တို့က အမွေအနှစ်များထိန်းသိမ်းဖို့ ရာသီဥတုပြောင်းလဲမှုလျော့ချစို့၊ ကမ္ဘာကြီးပူးနွေးလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပို့ချကြသည်။ ထို့နောက် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆန်းတင့်၊ နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ FDA၊ ဘေးအန္တရာယ် စီမံခန်ခွဲမှုဦးစီးဌာန တို့မှ တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)