ရမ်းဗြဲမြို့၌ စာပေချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များထံသို့ လက်ဝယ်အရောက်နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ စာပေချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များထံသို့ လက်ဝယ်အရောက်နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေးခြင်းဆောင်ရွက်




MNP ၊ မတ်  ၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် မအားလပ်သည့်ဌာနဆိုင်ရာဝန်ထမ်းများ စာပေချစ်မြတ်နိုးသူပရိတ်သတ်များထံသို့ လက်ဝယ်အရောက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ဆောင်ရွက်ပေးကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများထံသို့လက်ဝယ်အရောက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်(အခမဲ့)ငှားရမ်းပေးခြင်းများဆောင်

ရွက်ပေးလျက်ရှိရာ ယနေ့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းနှင့်ပြည်တွင်းအခွန်းများဦးစီးဌာနများသို့ သွားရောက်ပြီး သုတ၊ရသမဂ္ဂဇင်း၊ ဂျာနယ်စာအုပ်စာစောင်များကို လက်ဝယ်အရောက်ငှားရမ်းပေးခဲ့ကြသည်။


ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ပရိတ်သတ်များထံသို့ စာအုပ်စာစောင်များကိုတစ်ပါတ်ငှားရမ်းပေးခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်စာစာအုပ်စာစောင်များကို (အခမဲ့)ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)