ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးလျက်ရှိ





MNP ၊ မတ်  ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ ၊နေ့လယ်က ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ငှားရမ်းပေးလျက်ရှိသည်။


ထို့သို့  Mobile Library စနစ်ဖြင့်စာအုပ်/စာစောင်များ  လှည့်လည်ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရေး၊ စာဖတ်သူတိုးပွားလာ‌စေရေးနှင့်  စာဖတ်ရှိန်မြှင့်တင်‌စေရေး အတွက် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ တစ်ပတ်လျှင်တစ်ကြိမ် သွားရောက်၍ သုတ/ရသ၊ မဂ္ဂဇင်းနှင့်ဝတ္ထုများကို စာဖတ်ပရိသတ်များလက်ဝယ်အရောက် လှည့်လည်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)