မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၆၀ )ဦးမှ အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၆၀ )ဦးမှ အေးချမ်းစွာဖြေဆို





MNP ၊ မတ်  ၉

၂၀၂၂-၂၀၂၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ၈ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၆၀)ဦး အေး ချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


    ထိုသို့စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ(၈)ရက်နေ့မှ(၁၈)ရက်နေ့ထိ တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် နံနက်၉နာရီမှ၁၂နာရီထိ၃နာရီမေးခွန်းလွှာကို သက်ဆိုင်ရာစာစစ်ဌာန အသီးသီးတွင် စစ်ဆေးလျှက်ရှိရာ တာ ဝန်ကျဆရာ၊ ဆရာမများမှ စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီးတက္ကသိုလ်ဝင်စာမေး ပွဲ ခရိုင်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက်လိုအပ်သည်များကိုပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြသည်။


    မာန်အောင်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ-ထ-က မာန်အောင်နှင့်အ-ထ-က(ခွဲ)စျေးတန်းစာစစ်ဌာန(၂)ခုရှိရာ  စာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိကျောင်းသား၊ကျောင်းသူ (၄၂၃)ဦးရှိသည့်အနက်ဖြေဆိုသူ (၃၆၀) ဦး၊ ပျက်ကွက်(၆၃)ဦးရှိရာဖြေဆိုမှုရာခိုင်နှုန်း (၈၅•၁၁)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)