MNP ၊ မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ လွန်ခဲ့သော နှစ်ပေါင်း (၅၀) ခန့်က တည်ဆောက်ထားသည့် ရေထိန်းတံမံသည် တောင်ကျရေများ တိုက်စားလာခြင်းကြောင့် ပျက်စီးယိုယွင်းလျက်ရှိ၍ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဌာနဆိုင်ရာစုပေါင်းအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရေထိန်းတံမံပြုပြင် ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လုပ်ကိုင်ခဲ့ရာ ယခုအခါတွင်လုပ်ငန်းများပြီးစီးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ရေထိန်းတံမံကို အမှီပြု၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် ပြည်သူများ သီးနှံများဆက်လက် စိုက်ပျိုးရန်အခက်အခဲ ရှိနေခဲ့သော်လည်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများနှင့် ပြည်သူလူထုများတို့က ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခဲ့ကြပြီး နွေရာသီတွင် ရေအခက်အခဲအမျိုးမျိုးကြုံတွေ့မှုကိုဖြေရှင်းနိုင်မှုတို့ကြောင့် ဒေသခံများနှင့် စိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်နေကြသည့် ပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
ဆက်လျက်၍ ဒေသခံတစ်ဦးမှပြောကြားရာတွင် “ရေထိန်းတံမံပျက်စီးသွားတော့ နွေရာသီ ရောက်ရင် ရေအခက်အခဲအမျိုးမျိုးကြုံခဲ့ကြရတယ်၊ နွေရာသီမှာဆိုရင် ရေခမ်းတာတွေကြုံ ရတဲ့အတွက်ကြောင့် ဒီရေထိန်းတံမံကို အမှီပြုပြီးတော့ ရေကိုသုံးစွဲနေရတယ်၊ ယခုလို ပြုပြင်ခြင်းလုပ်ငန်းပြီးစီးသွားတော့ ဝမ်းသာလို့မဆုံးပါဘူး၊ အခုလိုကူညီပေးကြသည့် တပ်ရင်း တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်”ဟု ပြောကြားခဲ့ ကြောင်း သိရသည်။
သီဟ
https://t.me/MyanmarNationalPost



No comments:
Post a Comment