MNP ၊ မတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများအား နွေရာသီကာလ ပူပြင်းခြောက်သွေ့သည့်အချိန်တွင် မီးလောင်မှုဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် နယ်မြေမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးငြိမ်းအောင် နှင့်မီးသတ်တပ်ဖွဲ့ဝင်များတို့က စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးပြီး မီးချိတ်၊ မီးကပ်အသုံး ပြုပုံအသုံးပြုနည်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံနည်းစနစ်များနှင့် ကြာရှည်ခံအသုံးပြုနိုင် ရေးနည်းလမ်းများကို သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများတို့အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည် ။
ထို့သို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိ၏ ရုံးဌာနတွင် မီးဘေးလုံခြုံရေး နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်အချက်များနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး နည်းလမ်းများကို အသိပညာဗဟုသုတ ပိုမိုရရှိစေပါကြောင်း သိရသည်။
နော်ခူး
https://t.me/MyanmarNationalPost


No comments:
Post a Comment