MNP ၊ မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ မြို့ပြပင်စင်(၂၅)ဦး၊ ကာကွယ်ရေးပင်စင်(၈၁)ဦး၊ နိုင်ငံရေးပင်စင်(၁၉)ဦး၊ စုစုပေါင်း (၁၂၅)ဦးတို့ကို လကုန်ရက်တစ်ရက်မှလွဲ၍ ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးဝင်းဇော်ဦးထံမှ သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment