မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ


MNP ၊ မတ်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အမှတ် (၁၃)ရပ်ကွက်၊ ဗိုလ်ချိုလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နေလည် (၁) နာရီက ဆောင်ရွက်သည်။


အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စားသုံးရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူနစ်နာမှုများ ရှိပါက DOCA Myanmar application မှလည်း‌ကောင်း၊ Call Centre 1535 သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် အမှတ်(၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်သူက ရပ်ကွက်နေ ပြည်သူများနှင့် ပြန်လှန် ဆွေးနွေးခဲ့ကြပြီး (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံးအုပ် ဦးခိုင်ထွန်းဇော်နှင့် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ရပ်ကွက်‌နေပြည်သူများအား အခမဲ့ဆေးကုပေးခဲ့ပြီး ကျန်းမာရေး စောင်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရဲကိုမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)