ဖျာပုံမြို့၌ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် အစိုးရ ဓမ္မာစရိယ၊ နိကာယ်၊ ပထမပြန်စာအောင် ဆရာတော်များ ဆုနှင်းသဘင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံမြို့၌ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် အစိုးရ ဓမ္မာစရိယ၊ နိကာယ်၊ ပထမပြန်စာအောင် ဆရာတော်များ ဆုနှင်းသဘင်ကျင်းပ


MNP ၊ မတ်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုအဖွဲ့မှ ပေးအပ်ချီးမြှင့်သော ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခြင်းနှင့် အစိုးရဓမ္မာစရိယ၊ နိကာယ်၊ ပထမပြန်စာအောင်ဆရာတော်များ ဆုနှင်းသဘင်ကျင်းပခြင်းကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က ဖျာပုံမြို့ အမှတ်(၉)ရပ်ကွက် တိုက်သစ် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ​ပြုလုပ်သည်။


အခမ်းအနားတွင် ဖျာပုံမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝါသဝ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ တိုက်သစ်ကျောင်း ကျေးဇူးတော်ရှင် ဆရာတော်ကြီးဖြစ်သော ဘဒ္ဒန္တသူရိယနှင့် အရှေ့ဖျားဆရာတော် ဘဒ္ဒန္တဝဏ္ဏောဘာသတို့အား YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး ဗဟိုမှ ဆပ်ကပ်သော "အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ"နှင့် "မင်္ဂလဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော်များအား YMBA(ဗဟို)မှ ဘဏ္ဍာရေးမှူး ဦးမြင့်ဝေနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်အား ဆပ်ကပ်လှူဒါန်းကြသည်။ ထို့နောက် (၇၄)ကြိမ်မြောက် ပါဠိပထမပြန်စာအောင်ဆု၊ လေးမြို့နယ်ပရိယတ္တိနုဂ္ဂဟစာမေးပွဲတို့တွင် အထူးအောင်မြင်တော်မူကြသော ရှင်သာမဏေများ၊ အဘိဓမ္မာစာမေးပွဲအောင် မောင်မယ်များ၊ ဗုဒ္ဓဝင်နှင့် မင်္ဂလာတရားတော်အထူးအောင် မောင်မယ်များဖြစ်ကြသော အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့ရ(၆)ပါး၊ ဝိနယဝိဒူဘွဲ့ရ(၁၂)ပါး၊ ဒီဃနိကာယဝိဒူဘွဲ့ရ(၄)ပါး၊ မဇ္ဈိမနိကာယ ဝိဒူဘွဲ့ရ(၁)ပါး၊ အဂုံတ္တရနိကာယဝိဒူဘွဲ့ရ(၁)ပါး၊ ပထမကြီးအောင်(၅)ပါး၊ ပထမလတ်အောင်(၂)ပါး၊ မူလတန်းအောင်(၁၂)ပါး၊ (၄)မြို့နယ် ရှင်သာမဏေဂုဏ်ထူးအောင် (၁၁)ပါး၊ အဘိဓမ္မာနှင့် မင်္ဂလာစာမေးပွဲအောင် (၅၆)ဦး တို့အား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များနှင့် အလှူရှင်များမှ  အောင်လတ်မှတ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး တိုက်သစ်ကျောင်းဆရာတော် ဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူးဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြကြောင်း သိရှိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)