ကွမ်းခြံကုန်းမြို့နယ်၌ (၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ရှောင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်၌ (၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ရှောင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ




MNP ၊ မတ် ၂၅            

(၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊   မြို့ရှောင်ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့က အဆိုပါ​ မြို့ရှောင်လမ်းရှိမုဒ်ဦး​ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။


လမ်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ   ညွှန်ကြားရေးမှူး  (မြို့ပြ) ဦးထင်ကျော်က လမ်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားပြီး ဖဲကြိုး​ဖြတ်ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြကြောင်း သိရသည်။


ဆက်လက်၍   တိုင်းမှူးနှင့် အဖွဲ့ဝင်များက မြို့ရှောင်ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကွမ်းခြံကုန်းမြို့  ရှောင်လမ်း၏ အရှည်မိုင်(၂)မိုင် (၄)ဖာလုံ၊ အကျယ်ပေ(၂၄)ပေ ဖြစ်ပြီး အဆိုပါ လမ်းကို တိုင်းဒေသကြီး  ငွေလုံငွေရင်းရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဏ္ဍာနှစ်တွင်   အောင်မြင်စွာဆောင်ရွက်ပြီး စီးသော  ကွန်ကရစ်လမ်းသစ်ဖြစ်ကြောင်း သိရသည်။


ဆွေနွယ်

 https://t.me/MyanmarNationalPost






 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)