အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာပြိုင်ပွဲကျင်းပ




MNP   -   မတ် ၄

           ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ်တွင် သံတွဲခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆) ကြိမ်မြောက် ပန်းချီ ၊  ကာတွန်း ၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက် (၁၁) နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


            ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီ ၊ ကာတွန်း နှင့် ပိုစတာပြိုင်ပွဲများကို ကျင်းပရာ ပြိုင်ပွဲသို့ သံတွဲမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ (၂၇)ဦးဝင်‌ရောက် ယှဉ်ပြိုင်ကြသည်။


ပြိုင်ပွဲကျင်းပရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး သန်းကျော်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ယာယီရဲမှူး ဇော်မျိုးနိုင် မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင် တို့ကကြည့်ရှုအားပေးကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲများမှ ပြိုင်ပွဲဝင် ပန်းချီ၊ပိုစတာ နှင့်ကာတွန်းပုံများကို ပြည်နယ်အဆင့်မှဆုများရွေးချယ် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)