MNP ၊ မတ် ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ ၌ မတ်လ ၁၄ ရက်၊ နံနက် ၉ နာရီ မှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ရူပဗေဒဘာသာ)ရပ်အားကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို လျှက်ရှိသည်။
ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန (၄)ခုရှိပြီး အထက(၁)စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း (၂၇၈)ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ (၂၅၅) ဦး၊ ပျက်ကွက် (၂၃) ဦး၊ အထက(၂)၌စာစစ်ဌာနတွင် စာရင်းပေးသွင်းသူ (၃၈)ဦး၊ လာရောက်ဖြေဆိုသူ (၃၇) ဦး၊ ပျက်ကွက် (၁) ဦး၊ အထက(ကျိုက္ကသာ)စာစစ်ဌာန၌ စာရင်းပေးသွင်းသူ(၂၀)ဦးဖြေဆိုသူ(၁၇)ဦး ပျက်ကွက်သူ(၃)ဦး အထက(သိမ်ဇရပ်)စာစစ်ဌာန ၌ စာရင်းပေးသွင်းသူ(၂၁၇)ဦးဖြေဆိုသူ(၁၉၉)ဦး ပျက်ကွက်သူ(၁၈)ဦး ဖြေဆိုရန်စာရင်းရှိကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၅၃)ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ (၅၀၈)ဦး၊ ပျက်ကွက်သူ (၄၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment