အမ်းမြို့နယ် ၌လူငယ်အသိပညာပေးနံရံကပ်စာစောင်၊စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ရှိန်မြှှင့်တင်ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် ၌လူငယ်အသိပညာပေးနံရံကပ်စာစောင်၊စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ရှိန်မြှှင့်တင်ရေးဆောင်ရွက်




MNP ၊ မတ်  ၁၈

  ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင်အနာဂတ်မျိုးဆက်သစ်လူငယ်များအသိပညာပေး နံရံကပ် စာစောင်၊စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ရှိန်မြှှင့်တင်ရေးဆောင်ရွက်ခြင်းကိုယမန်နေ့ ညနေ အချိန်ကကျင်းပခဲ့သည်။


      လူငယ်အသိပညာပေးစာဖတ်ရှိန်မြှှင့်ရေးဆောင်ရွက်မှုကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအ ရာရှိဦးစန်းဝင်း က အနာဂတ် နိုင်ငံတာ ဝန် များကိုထမ်းဆောင်ရမည့် မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူ လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တို့ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်အချင်း ချင်းချစ်ခင်မှုရှိလာစေရန်၊ ပူး ပေါင်းပါ ဝင်ဆောင်ရွက်တတ်သောအလေ့အထများရှိလာစေရန်၊ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံး ပြုတတ်လာစေရန်၊စာပေကိုချစ်မြတ်နိုးလာစေရန်စသည့်ရည်ရွယ်ချက်ဖြင့်ကျင်းပရ​ြခင်းဖြစ်ပါသည်။နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များအကျိုးရှိစေမည့် ပန်းချီသင်တန်းများ၊အင်္ဂလိပ်စာအခြေခံသင် တန်းနှင့်အခြား အခြားလူငယ်အသိ ပညာပေး သင်တန်းများဆောင်ရွက်ပို့ချသွားမည်ဖြစ် ၍ ယခုအချိန် သည်ပညာခေတ်ဖြစ် ၍ မျိုးဆက်သစ်လူငယ်ဖြစ်တဲ့လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိ ပညာဗဟုသုတ များရရှိစေရန်အတွက်ယခုလို နံရဲံကပ်စာစောင်ပြပွဲ စာအုပ်စာ စောင်ပြပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)