သီပေါမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများဆောင်ရွက်


MNP ၊ မတ်  ၁၈

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်တိုင်တီထွင်ဖန်တီးတတ်သည့် စွမ်းရည်တိုးတက်လာစေရန်၊ ဉာဏ်ပညာတိုးတက် လာစေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက် သွားလာ အသုံးပြုတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့ နံနက်(၉)နာရီက ပုံပြင်ပြောခြင်းနှင့်ဆေးရောင်ခြယ်ခြင်းကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ စာငှား၊စာဖတ်လာရောက်ကြသော ကလေးများအား အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် စာဖတ်စွမ်းရည်ပိုမိုမြင့်မားလာစေရန်တို့အတွက် ရုံးအကူဝန်ထမ်း ဒေါ်ဝိုင်းသူဇာခင်က ရုန်တူစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “အကြံကောင်းသော ကြက်ဖ” ပုံပြင်အား ရုပ်ပုံပြပုံပြောပြီးနောက် ရုပ်ပုံများ အား စိတ်ကြိုက်ဆေးရောင်ခြယ်ခြင်းနှင့် စာပေဖတ်ရှုလေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးများ အားလပ်ရက်ရှည်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်လေး

https://t.me/MyanmarNationalPost




No comments:

Post a Comment