ပုဗ္ဗသီရိ​မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း နည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိ​မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း နည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ




MNP ၊ မတ်  ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာ ဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ပုဗ္ဗသီရိ မြို့နယ်၊ နဝဒေးရပ်ကွက်၊ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်မှု အဖွဲ့ရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် နေပြည်​တော် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာ၌ ယခု သင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အတွက် လေ့ကျင့်ပြုစုမွေးထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ သင်ယူတတ်မြောက်ခဲ့သည့် နည်းပညာများကို အသုံးချပြီး အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်လုပ်မှု လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင် စေပြီး မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်စေမှာဖြစ်ပါကြောင်း၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်း ပြန်လည်မျှဝေရန် ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသား များ ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


အဆိုပါ အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းကို မတ်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ငါးရက်ကြာဖွင့်လှစ်ခဲ့ပြီး ယိုမျိုးလုပ်နည်း၊ ဆော့၊ ဂျယ်လီ၊ ဖျော်ရည်ဆီ၊ အာလူးကြော်၊ နာနတ်သီး Syrup လုပ်နည်း၊ စပျစ်ဝိုင်လုပ်နည်းစသည့် သီးနှံအခြေခံ တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်းများကို သင်ကြားပေးခဲ့ ကြောင်း သိရသည်။


သန္တာလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment