သိန္နီမြို့၌ လူငယ်နှင့် စာပေ အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့၌ လူငယ်နှင့် စာပေ အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်


MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လူငယ်များ  စာပေဖတ်ရှုလေ့လာခြင်းနှင့် ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ လူငယ်နှင့် စာပေ အသိပညာပေး (Talk Show)ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်နှင့် ဒုတိယ ဦးစီးမှူး ဒေါ်စုမြတ်လင်းတို့က စာပေလေ့လာဖတ်ရှုမှတ်သားခြင်း၏ အရေး ပါမှု၊ လူငယ်နှင့် စာပေမြတ်နိုးစိတ်၏ အရေးပါပုံ၊ အင်တာနက်ခေတ်နှင့် စာပေ၊ စာဖတ်သည့် အလေ့အထများ ပျိုးထောင်ပေးသင့်ကြောင်း၊ စာဖတ်ချိန်အား စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများရှိရန် ဆောင်ရွက်သင့်ပုံတို့ကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် We Love Hsenwi Page နှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေမည့် အကြောင်းအရာများကို စီစဉ်ရိုက်ကူးကာ Online မှ တစ်ဆင့် ကြည့်ရှုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment