ဘုန်းကံကြီးမားသော သာသနာ ကို ဘုန်းကံကြီးမားသူများသာ ဆည်းကပ် ပူဇော် နာယူခွင့်ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုန်းကံကြီးမားသော သာသနာ ကို ဘုန်းကံကြီးမားသူများသာ ဆည်းကပ် ပူဇော် နာယူခွင့်ရ







ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင် ကျောင်းတိုက်မှ ဆရာတော်ဦးဝါသဝ နှင့် ဆက်သွယ်၍ ဒေသအခြေအနေကို အမြဲမပြတ်စုံစမ်းမေးမြန်းဖြစ်ပါ၏။  ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်တို့တွင် ပြည်သူ့စစ်ဖွဲ့စည်း၍ ရပ်ရွာကာကွယ်ရေး ဆောင်ရွက်ထားနိုင်သော ကျေးရွာများတွင် အလှူမင်္ဂလာပွဲများ၊ ပဋ္ဌာန်းပွဲများ၊ ဘုရားထီးတင်ပွဲများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ဆရာတော်ထံမှ သိရသည်။

ဆရာတော်ဦးဝါသဝ အနေဖြင့် ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာတွင် ကျောင်းထိုင်၍ သာသနာပြုနေသည်မှာ မှန်သော်လည်း ဆရာတော်၏ ဇာတိမှာ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာ ဖြစ်၏။ ဆရာတော်၏ ဇာတိရွာတွင်လည်း နိုင်ငံရေးအစွန်းရောက်များ၏ အကြမ်းဖက်အန္တရာယ် က ရှိ၏။ ဆရာတော်က အကြမ်းဖက်လှုပ်ရှားမှုများတွင် မပါဝင်သော ရွာသူ/ ရွာသားများကို ပြည်သူ့စစ်ဖွဲ့စည်းစေ၍ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ရင်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာ ဘာသာရေးပွဲများကို ကျင်းပခဲ့ကြ၏။ အကြမ်းဖက်အန္တရာယ်များကို ရင်ဆိုင်ခုခံကာကွယ်ရင်းနှင့်ပင် တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာရှိ ခြုံနွယ်များဖုံးလွှမ်းလျက်ရှိသော ရှေးဟောင်း မင်းဘိတ်သိက်ခံစေတီတော်ကို ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြသည်။

ရက်ပိုင်းအတွင်းကပင် မူးခွကျေးရွာရှိ ရှေးဟောင်း မင်းဘိတ်သိက်ခံ စေတီတော် ထီးတော်တင်လှူပူဇော်ပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့လေသည်။

ထို့အတူပင် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာတို့တွင် အလှူပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။ တောက္ကရှပ်ကျေးရွာဆိုလျှင် တစ်နေ့တည်း အလှူပွဲ ၂ပွဲ၊ ၃ပွဲ ကျင်းပသည်ဟု ကြားသိရသည်။

ကန့်ဘလူ၊ တန့်ဆည်တို့တွင် KIA/PDF အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုများ ရှိနေဆဲဖြစ်ပါသည်။ ကိုယ့်ရပ်ရွာကို ပြည်သူ့စစ် ဖွဲ့စည်း၍ ကာကွယ်ထားနိုင်သည့် ကျေးရွာများတွင်သာ အလှူမင်္ဂလာပွဲများ ကျင်းပနိုင်ခြင်း ဖြစ်သည်။ KIA/PDF အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နိုင်ခြင်း မရှိသည့် ကျေးရွာများတွင် အလှူမင်္ဂလာပွဲ ကျင်းပဖို့ ဝေးစွ။ KIA/PDF အကြမ်းဖက်သမားများသည် ပြည်သူ့စစ်ဖွဲ့စည်း၍ ရပ်ရွာကာကွယ်ရေး ဆောင်ရွက်နေသော ကျေးရွာများတွင် ကျင်းပနေသည့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို အဝေးမှ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက် နှောက်ယှက်ခြင်း၊ စာသင်ကျောင်းများပေါ်သို့ ဒရုန်းဖြင့် ဗုန်းချခြင်းများကို ကျူးလွန်နေကြသည်။

NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူ့ကာကွယ်ရေးဟု မည်မျှပင် အသံကောင်းဟစ်နေစေကာမူ ၎င်းတို့သည် ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် ဆောင်ရွက်ခဲ့ကြရုံမျှမက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှုကိုပင် တိုက်ခိုက်ဖျက်ဆီးနေကြသည်။ ၎င်းတို့၏ ရက်စက်ယုတ်မာမှုများ ကြားမှ အမျိုး ဘာသာ သာသနာအရေးကို အသက်ပေးကာကွယ်၍ ဆောင်ရွက်နေကြသော ပြည်သူ့စစ်တပ်ဖွဲ့ဝင် အပေါင်းကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

ဆရာတော် ဦးဝါသဝ က ဘုန်းကံကြီးမားသော သာသနာကို ဘုန်းကံကြီးမားသူများဟာ ဆည်းကပ် ပူဇော် ကိုးကွယ်ခွင့်ရသည်။ ယခုလို ခေတ်ဆိုး ခေတ်ပျက်ကြီးတွင် မြတ်စွာဘုရား၏ တရားတော်များကို နာယူခွင့် နာကြားခွင့်ရဖို့ ခက်ခဲသည်။ အကုသိုလ် က လုပ်ယူစရာ မလိုဘဲ ရသည်။ ကုသိုလ်က လုပ်ယူမှ ရသည်။ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ကောင်းကျိုးချမ်းသာကို ရရှိစေမှာ ဖြစ်ကြောင်း မိန့်ကြားလေသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)