ရခိုင်ပြည်နယ် မောင်တောမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဒေသန္တရအမိန့်ထုတ်ပြန်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဒေသန္တရအမိန့်ထုတ်ပြန်ထား


MNP ၊ မတ်  ၇

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိ စေ ရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်ထားရှိကြောင်းသိရသည်။


အဆိုပါ  ၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာ တစ် နိုင်ငံလုံး၌ တစ်ပြိုင် နက်တည်းကျင်းပပြုလုပ်မည်ဖြစ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်း သူ များ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးပတ်ဝန်းကျင်ဆူညံမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များ အတွင်း ၌ မော်တော်ယာဉ်များဖြင့် အသံချဲ့စက်များ၊ ဆောင်းဘောက်များ တင်ဆောင်၍ လှည့်လည် တီးမှုတ်ခြင်း ၊တေး သီချင်း များ၊ ဗီဒီယိုပြသခြင်းများ၊ လမ်းဆုံလမ်းခွများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ညည့် အချိန် မတော် ဂီတာ တီးခြင်း၊ သီချင်းဆိုခြင်း၊ သောက်စားမူးယစ်ခြင်းများ မပြုလုပ်ကြရန် နှင့် အရက်ဆိုင်၊ ဘီယာ ဆိုင်၊ စားသောက် ဆိုင် များကိုလည်း မတ်လ ၈ ရက်နေ့မှစတင်၍ မတ်လ ၁၈ ရက်နေ့အထိ ည ၉ နာရီ နောက်ပိုင်းအချိန်များတွင် လုံးဝ ဖွင့်လှစ် ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက  ရာဇဝတ် ကျင့်ထုံး ဉပဒေပုဒ်မ-၁၃၃ ပါ လုပ်ပိုင်ခွင့် ကျင့်သုံးလျက် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုး ထုတ်ပြန်ထားကြောင်း သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)