ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မြို့မတောင်ရပ်ကွက် အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မြို့မတောင်ရပ်ကွက် အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး




MNP ၊ မတ်  ၇

ရခိုင်ပြည်နယ် မောင်တောမြို့၌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မတောင်ရပ်ကွက် ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယနေ့  နံနက် ၉ နာရီ အချိန် က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ 


ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်‌စော ဦး ဆောင်၍ တပ်ဖွဲ့ ဝင်များက မြို့မတောင်ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများ အနေဖြင့် မြို့နယ် အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို  စနစ်တကျအသုံးပြုစေရေး ၊လျှပ်စစ်မီးသုံးစွဲသူများ အနေဖြင့် မိမိတို့ နေအိမ်အတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေး ကောင်း မွန် သော  အမျိုးအစားများ သုံးစွဲကြပါရန် နှင့် ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီး ကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန် နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း  နှင့် မတော်တဆ မီးလောင် မှုဖြစ်ပွားပါကလည်း မြို့နယ် မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက် သွယ် ဆောင်ရွက်ပေးကြရန်  စသည့်တို့ကို ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြား ခဲ့ကြကြောင်း သိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost





No comments:

Post a Comment