မအီမြို့တွင် ဒေသန္တရအမိန့်ထုတ်ပြန်ထားရှိခြင်းအပေါ် ညလှည့်ကင်း ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ဒေသန္တရအမိန့်ထုတ်ပြန်ထားရှိခြင်းအပေါ် ညလှည့်ကင်း ကွင်းဆင်းစစ်ဆေး





MNP ၊ မတ်   ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးနေစဉ်ကာလအတွင်း ကျောင်းသားကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြင့် အောင်မြင်ချောမွေ့စွာ ကျင်းပပြီးစီးနိုင်ရေး၊ မသမာမှုကင်းရှင်းရေး၊ လုံခြုံရေးလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးတို့အတွက် မတ်လ(၅)ရက်နေ့ကထုတ်ပြန်ထားရှိသည့် ဒေသန္တရအမိန့်အား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ည(၉)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပု ဦးဆောင်၍ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ချစ်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကြီးကြပ်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ဖော်ပြပါဒေသန္တရအမိန့်တွင် တောင်ကုတ်မြို့နယ်အတွင်းရှိ အရက်ဆိုင်၊ ဘီယာဆိုင်၊ စားသောက်ဆိုင်များကို(၈-၃-၂၀၂၃)ရက်နေ့မှ(၁၈-၃-၂၀၂၃)ရက်နေ့အထိ ည(၉)နာရီနောက်ပိုင်းအချိန်များတွင် ဖွင့်လှစ်ရောင်းချခြင်းများမပြုရန် တားမြစ်ထားရှိပြီး အဆိုပါအမိန့်အား ပြည်သူများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေနိုင်ရန် မအီမြို့ပေါ်ရပ်ကွက်များအတွင်း၌ အသံချဲစက်ဖြင့်လှည့်လည်ကြေငြာထားရှိပြီးဖြစ်ကြောင်း၊  သက်ဆိုင်ရာတပ်ဖွဲ့၊ ဦးစီးဌာနများမှလည်း ထုတ်ပြန်ထားရှိသောအမိန့်အား ပြည်သူများလိုက်နာဆောင်ရွက်မှုရှိ/မရှိကို စာမေးပွဲပြီးဆုံးသည်အထိ နေ့စဉ်ကွင်းဆင်းစိစစ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ထုတ်ပြန်ထားရှိသောအမိန့်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အမိန့်တွင်ပါရှိကြောင်း မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)