၂၀၂၂ -၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ အမ်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်း သား၊ ကျောင်းသူ များ တည်ငြိမ်အေး ချမ်းစွာ စာမေးပွဲစတင်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ -၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ အမ်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်း သား၊ ကျောင်းသူ များ တည်ငြိမ်အေး ချမ်းစွာ စာမေးပွဲစတင်ဖြေဆို




MNP ၊ မတ်  ၈

၂၀၂၂ -၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ မတ်လ ၈ ရက် နံနက် ၉ နာရီအချိန်တွင်အမ်းမြို့နယ်ရှိ စာစစ်ဌာနများ၌  ကျောင်း သား၊ ကျောင်းသူ များ တည်ငြိမ်အေး ချမ်းစွာ စာမေးပွဲစတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


  ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်ရှိ စာစစ်ဌာနများဖြစ် သည့် မြို့ပေါ်ရပ် ကွက်ရှိ အမှတ်(၁) အထက၊အမှတ်(၂) အထ က၊အမှတ်(၃) အထက နှင့် အထက (တပ်တောင်) စာစစ်ဌာန(၄)ခုတွင်ကျောင်း တွင်းမှဖြေဆိုသည့်ကျောင်းသားကျောင်းသူ(၇၁)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၈၇၉) ဦး စုစု ပေါင်း(၉၅၀) ဦး ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် အထကကျောင်း(၃)ကျောင်း၌(၅၄၈)ဦး၊ အထက တပ်တောင်၌(၄၀၂)ဦးဖြေဆိုသွားမည့်ဖြစ်ကြောင်းသိရသည်။


   အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊မလိုလားအပ်သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အချက် မဖြစ်စေရေး၊ ကျန်း မာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များ၊ ပညာ ရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူ များ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ က စာစစ်ဌာနအ သီးသီး၌ လိုအပ်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးကြောင်းသိရရှိသည်။


စိုးမင်းထွန်း                           

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)