ရသေ့တောင်မြို့၌၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆိုလျက်ရှိ





MNP ၊ မတ်  ၈

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာအား ယနေ့မတ်လ ၈ ရက် နံနက် ၉ နာရီအချိန်တွင် စတင်ဖြေဆိုလျက်ရှိသည်။ရသေ့တောင်မြို့နယ်တွင်စာစစ်ဌာန(၂)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


 ရသေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ စာစစ်ဌာန(၂)ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


ရသေ့တောင်မြို့နယ် အထက-၁ စာစစ်ဌာနတွင်ကျောင်းသား၊ကျောင်းသူ( ၇၃၁)ဦး၊ အထက-၂ စာစစ်ဌာနတွင်( ၇၂၀)ဦး၊စုစုပေါင်း( ၁၄၅၁)ဦးတို့ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီးအဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊မလိုလားအပ်သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊

မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အချက် မဖြစ်စေရေး၊ ကျန်း မာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ က စာစစ်ဌာနအ သီးသီး၌ လိုအပ်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးကြောင်းသိရရှိသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)