MNP ၊ မတ်လ ၁
တာချီလိတ်မြို့၌ ဗုံး၅လုံးဖောက်ခွဲခဲ့သော အကြမ်းဖက်အဖွဲ့ဝင် လင်မယား၂ဦး ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဖမ်းဆီးရမိထားသော အကြမ်းဖက်သမား ၂ဦးသည် KNU တပ်သားဟောင်း ကိုစော ၃၀နှစ်နှင့် ဇနီးတို့ဖြစ်ပြီး PDF အကြမ်းဖက်အဖွဲ့နှင့်အတူ အကြမ်းဖက်လှုပ်ရှားမှုများတွင် ဖောက်ခွဲဖျက်ဆီးရေး လုပ်ဆောင်နေသူများ ဖြစ်သည်။ အကြမ်းဖက်သမား လင်မယား ၂ဦးအား ဒရုန်း ၃စီး၊ ဆက်စပ်ပစ္စည်းများ၊ ပစ္စတိုတစ်လက် တို့နှင့်အတူ မယ်ဆိုင်ဘက်တွင် ဖမ်းဆီးရမိခဲ့ပြီး တာချီလိတ်ဘက်လွှဲပြောင်း၍ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost


No comments:
Post a Comment