တောင်ကုတ်မြို့၌ အမှိုက်ကင်းစင်ရေးအတွက် ရှင်းသန့်မြေအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ အမှိုက်ကင်းစင်ရေးအတွက် ရှင်းသန့်မြေအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိ




MNP ၊ မတ်  ၁၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် အမှိုက်ကင်းစင်ရေးအတွက် ရှင်းသန့်မြေအမှိုက်သိမ်း ဝန်ဆောင်မှုလုပ်ငန်းမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ လုပ်ငန်းများလွှဲပြောင်း ရယူကာ နိုဝင်ဘာ(၉)ရက်နေ့မှစတင်၍ မြို့ပေါ်(၄)ရပ်ကွက်တွင် စမ်းသပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ယခင်ကအမှိုက်သိမ်း သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ‌ဆောင်ရွက် ခဲ့သော်လည်း တောင်ကုတ်မြို့သည် တစ်နေ့တစ်ခြား မြို့ပြအဆောက်အဦများဖွံ့ဖြိုးတိုးတက်လာခြင်း နှင့်အတူ လူနေထူထပ်လာခြင်း ၊ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့်လူတို့၏စားသုံးမှုပုံစံများပြောင်းလဲလာခြင်း ၊ သုံးစွဲရလွယ်ကူသည့် အသင့် ထုတ်ပိုး ပစ္စည်းများ ပိုမိုသုံးစွဲလာခြင်းတို့ကြောင့် အမှိုက်ထွက်ရှိမှုပမာဏ များပြားပြီး စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်သူများကြောင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ အနေဖြင့် နေ့စဉ် အမှိုက်သိမ်းလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲများ ၊ယာဉ် စက်ကရိယာလို အပ်ချက် များနှင့် လုပ်သားရှားပါးမှု စသည့်အခက်အခဲ များ ရှိသည့်အတွက်  ရှင်းသန့်မြေ အမှိုက် ဝန်ဆောင်မှု လုပ်ငန်းမှ မြို့နယ်စည်ပင်သာယာအဖွဲ့နှင့်ပူးပေါင်း၍ အမှိုက် သိမ်းဝန်ဆောင်မှု လုပ်ငန်း များ ကို (၃)လတာ စမ်းသပ် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ လစဉ်ဝန်ဆောင်ခအဖြစ် (၅)ထပ်တိုက်အား(၆၀၀ဝိ)၊(၄)ထပ်တိုက်အား (၅၀၀ဝိ)၊ (၃)ထပ်တိုက်အား(၄၀၀ဝိ)၊(၂)ထပ်တိုက်အား(၃၀၀ဝိ)၊ပျဉ်ထောင်ပျဉ်စီအိမ်(၂၀၀ဝိ)၊တည်းခိုခန်း များနှင့် စားသောက်ဆိုင်များ(၁၀၀၀ဝိ)၊လဘက်ရည်ဆိုင်၊ကုန်စုံဆိုင်နှင့်ဘော်ဒါဆောင်များအား(၅၀၀ဝိ)၊ ဆေး ရုံကွက်သစ်နှင့်ညဈေးရှိဈေးဆိုင်ခန်းများတစ်ခန်း(၁၅၀ဝိ)၊မြို့မဈေးကြီးရှိ ဆိုင်ခန်းကြီးများတစ်ခန်း(၅ဝဝိ)၊ ဆိုင်ခန်းငယ်(၃၀ဝိ)၊ကုန်စိမ်းတန်းရှိဆိုခန်းများအား(၂၀၀ဝိ)နှင့်လမ်းဘေးကွမ်းယာဆိုင်နှင့်အခြားဆိုင်ခန်းများ (၂၀၀ဝိ)ကျပ်စီကောက်ခံလျက်ရှိပြီး လစဉ်ငွေစာရင်းရှင်များကိုလည်း အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန် ပေးလျက်ရှိကြောင်းလည်းသိရသည်။


ရှင်းသန့်မြေအမှိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တောင်ကုတ်မြို့အား ပိုမိုသန့်ရှင်းသာယာလှပ စေရန် နှင့် ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုအထောက်အကူဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့်ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများမစတင်မီ မြို့မိမြို့ဖများနှင့် ပြည်သူများ၏ သဘောထား ဆန္ဒများ စစ်တမ်းများကောက်ယူကာ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်စည်ပင်သာယာရေးအဖွဲ့တို့၏ လမ်းညွှန်မှု တို့ဖြင့် ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်များရယူဆောင်ရွက်နေ သည့်အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရ သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment