MNP ၊ မတ် ၁၈
မြန်မာ့လက်ရွေးစင် အသင်းသည် အိန္ဒိယနိုင်ငံတွင် ခြေစမ်းပွဲများကစားမည့် အသင်းလူစာရင်းတွင် ရှမ်းယူနိုက်တက် အသင်းမှ မြတ်ကောင်းခန့်အား ထပ်မံအားဖြည့် ခေါ်ယူထားကြောင်း သိရသည်။
ယနေ့ ညနေပိုင်းက ဂျာမဏီနိုင်ငံသား နည်းပြသစ်နှင့် လေ့ကျင့်မှုများ စတင်ခဲ့ပြီး အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့် ခြေစမ်းပွဲများ အတွက် ပြည်တွင်း ကစားသမားများ ပါဝင်သော လက်ရွေးစင်အသင်း ပထမအသုတ်သည် မနက်ဖြန် မတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ထိုင်းလိဂ်မှ မြန်မာ့လက်ရွေးစင် ကစားသမားများသည် ဒုတိယအသုတ် အနေဖြင့် မတ်လ ၂၀ ရက်တွင် ဘန်ကောက်မြို့မှ ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။
လိဂ်ပွဲစဉ်များကြောင့် ထိုင်း၊ မလေးရှား တို့မှ လက်ရွေးစင် ကစားသမားများသည် ရန်ကုန်မြို့တွင် လာရောက်ပူးပေါင်း လေ့ကျင့်နိုင်ခြင်း မရှိဘဲ အိန္ဒိယနိုင်ငံသို့ ရောက်ရှိမှသာ အသင်းနှင့်အတူတကွ လေ့ကျင့်မှုပြုလုပ်နိုင်မည် ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် မြန်မာ့လက်ရွေးစင် အသင်း လူစုံလေ့ကျင့်မှု ပြုလုပ်ပြီးနောက် မတ်လ ၂၂ ရက်တွင် အိန္ဒိယ လက်ရွေးစင် အသင်းနှင့်လည်းကောင်း၊ ဒုတိယ ခြေစမ်းပွဲ အဖြစ် ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅ ရက်တွင် ဆက်လက်ခြေစမ်းမည် ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost




No comments:
Post a Comment