မန္တလေးတွင် NUG အကြမ်းဖက်အဖွဲ့မှ ဖွင့်လှစ်သည့် Free Online Education Institution Myanmar ( FOEIM ) သင်တန်းကျောင်းသို့ တက်ရောက်ရန် စာရင်းပေးသွင်းသူများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတွင် NUG အကြမ်းဖက်အဖွဲ့မှ ဖွင့်လှစ်သည့် Free Online Education Institution Myanmar ( FOEIM ) သင်တန်းကျောင်းသို့ တက်ရောက်ရန် စာရင်းပေးသွင်းသူများ ဖမ်းဆီးရမိ


MNP ၊ မတ် ၁၈ 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်းနှင့် ရဲတပ်ဖွဲဝင်များသည် NUG အကြမ်းဖက်အဖွဲ့မှ ဖွင့်လှစ်သည့် Free Online Education Institution Myanmar ( FOEIM ) သင်တန်းကျောင်းသိုတက်ရောက်ရန် စာရင်းပေးသွင်းသူများရှိကြောင်း သတင်းအရ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စုံစမ်းဖော်ထုတ် ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးခဲ့ရာ - အမရပူရမြိုနယ်၊ မှန်တန်းရပ်ကွက်တွင် ဒေါ်ကြည်ကြည်ဝင်း (၅၅နှစ်)(ဘ)ဦးရင်မို၊ အလယ်တန်းပြ၊နယ်မြေ ၁၊ နန်းတော်ရာစံပြကွက်သစ်၊ မှန်တန်းရပ်နေသူသည် ဖုန်းနံပါတ် ၀၉-၄၀၂၅၁၈၅၆၆နှင့် K-Pay အကောင့်ဖြင့်လည်းကောင်း၊ ဒေါ်ခိုင်ခိုင်မိုး (ဘ)ဦးကျော်သောင်း၊ အေးဇရပ်၊ မှန်တန်းရပ်ကွက်နေသူမှလည်း ဖုန်းနံပါတ် ၀၉-၅၁၄၉၉၁၇ နှင့် K-Pay အကောင့်ဖြင့်လည်းကောင်း NUG အကြမ်းဖက်အဖွဲ့မှ ဖွင့်လှစ်သည့် (FOEIM) သင်တန်းကျောင်းသို့ တက်ရောက်ရန် စာရင်းပေးသွင်းထားကြောင်း စုံစမ်းသိရှိရ၍ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံများအား ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)