မအီမြို့၌ လုံးတော်ပေါက်တံတားနှင့် စနဲပေါက်တံတားဆိပ်များရှိ အလုပ်သမားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ လုံးတော်ပေါက်တံတားနှင့် စနဲပေါက်တံတားဆိပ်များရှိ အလုပ်သမားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်






MNP ၊ မတ်  ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို၌ လမ်းတံတားဆိပ်များရှီ အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုတို့အား အခမဲ့ ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဖော်ပြပါ ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို မအီမြို့နယ်အတွင်းရှိ ရန်ကုန်<--->ကျောက်ဖြူ ပြည်ထောင်စုလမ်းမပေါ်၌ တည်ရှိသည့် စနဲပေါက်တံတားနှင့် လုံးတော်ပေါက်တံတားဆိပ်များရှိ လမ်းတံတားအလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုများ၏ ဖျားနာလူနာ၊ ငှက်ဖျားလူနာ၊ ဒဏ်ရာရရှိလူနာ၊ သွေးတိုး/သွေးကျလူနာနှင့် ကိုယ်ဝန်ဆောင်မိခင်များအပြင် ၂ နှစ်အောက်ကလေးများ၊ ၅ နှစ်အောက်ကလေးများနှင့် နာမကျန်းသည့် သက်ကြီးရွယ်အိုများ စုစုပေါင်းလူနာ ၉၀ ခန့်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို အဆိုပါတံတားဆိပ်များ၏ တာဝန်ခံအင်ဂျင်နီယာများဖြစ်သည့် ဦးအောင်ကျော်ထွန်းနှင့် ဦးဟိန်းဝင်းလတ်တို့က အကူအညီတောင်းခံလာခြင်းအပေါ် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက စီစဉ်ဆောင်ရွက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ရက်သတ္တပတ်များတွင်လည်း ဖော်ပြပါ တံတားဆိပ်များသို့ တစ်ပတ်လျှင် ၂ ရက်စီ ပုံမှန်ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်ခြင်းများကို အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)