ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ




MNP ၊ မတ်  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင် ပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဩဝါဒါစရိယနာယက ဆရာတော်ကြီးများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်သက်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို နမောတဿ (၃)ကြိမ် ဘုရားကန်တော့ရွတ်ဆို၍ ဖွင့်လှစ်ပြီး ရွှေပါရမီကျောင်းတိုက် ဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် သုံးလောကထွဋ်တင် သဗ္ဗညုတမြတ်စွာဘုရားရှင်အား ပင့်ဆောင် ၍  စစ်ဗျူဟာမှူးနှင့်အဖွဲ့တို့မှ ဆီမီးပူဇော်ခြင်း၊ ဝနဝါသီကျောင်းတိုက်ဆရာတော်မှ အရှင်မဟာဗုဒ္ဓဃောသ အရှင်သူမြတ်ရေးသားပူဇော်သော ပဌာနပကရဏဝန္ဒနာဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ ပုလုံးတုံတုံး ကျောင်းတိုက်နာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်ခြင်းနှင့် ပဋ္ဌာန်းအကြောင်း သိကောင်းစရာ ဩဝါဒကထာကို နာယူခြင်း၊ ရွှေဇင်ယော်ကျောင်းတိုက်ဆရာတော်မှ ပဋ္ဌာန်းတရားနာယူရန် နတ်ဗြဟ္မာတို့အား ဒေဝနိမန္တနဂါထာဖြင့် ပင့်ဖိတ်ခြင်း၊ ဣစ္ဆာသယကိုးနဝင်းကျောင်း ဆရာ တော်က ပဋ္ဌာန်းတရားတော်မြတ်ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာန်းအမွှမ်းဂါထာတော် ရွတ်ဖတ်ခြင်းနှင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ဦးဆောင်ပြီး ဧည့်ပရိသတ်တို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်သံပြိုင် ညီညာရွတ်ဆို၍ ပဌာနဘာဏက ဆရာတော်မှ ပဋ္ဌာန်းကျမ်းတော်ကြီးကို စတင်ရွတ်ဖတ် ပူဇော်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့မှစ၍ မတ်လ(၂၄)ရက်နေ့ထိ(၆)ရက် (၅)ည တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)