၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဓာတုဗေဒဘာသာရပ်)ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဓာတုဗေဒဘာသာရပ်)ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို



MNP ၊ မတ်  ၁၃

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို ယနေ့မတ်လ (၁၃)ရက်နေ့တွင် ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိသည်။


ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန ၄ ခုရှိပြီး ယနေ့ ဓာတုဗေဒဘာသာရပ်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၅၈၂)ဦးဖြစ်ပြီး ဖြေဆိုသူ(၅၄၅)ဦးနှင့် ပျက်ကွက်(၃၇)ဦးရှိကာ  ဖြေဆိုသည့်ရာခိုင်နှုန်းမှာ(၉၃.၆၄) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


ပြည်နယ်အတွင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် ဓာတုဗေဒဘာသာရပ်ကိုဖြေဆိုကြပြီး (၁၄)ရက်နေ့တွင် ရူပဗေဒ၊ (၁၅)ရက်နေ့တွင် ဇီဝဗေဒနှင့်ဘောဂဗေဒ၊ (၁၆)ရက်နေ့တွင် ပထဝီဘာသာရပ်နှင့် (၁၇)ရက်နေ့တွင် သမိုင်းဘာသာရပ်များကို အသီးသီးဆက်လက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)