ငပုတောမြို့နယ်၌ စာရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်၌ စာရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်


MNP ၊ မတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဝက်ဆူကျေးရွာအုပ်စု၊ ဝက်ဆူကျေးရွာ အောင်သုခကျောင်းတိုက်ဓမ္မာရုံ၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။


ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်(တာဝန်ခံ) ဒေါ်မြင့်မြင့်စန်းက “စားသုံးသူ ကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ဆောင်ပုဒ်နှင့်အညီ “အသိပညာဗဟုသုတများကို ဆွေးနွေးပြောကြားပြီး၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်ဌေးနွယ်က ဆီးချို၊ သွေးတိုး၊ လေငန်း၊ ချောင်းဆိုးရောဂါနှင့် ပတ်သက်၍ ပြုမှုနေထိုင်ရမည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုရီက ဗဟုသုတတိုးပွားရေးအတွက် စာပေများကို လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးကာ တက်ရောက်လာသူများက   စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ် ဖတ်ရှုပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ်စသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို စိတ်ပါ၀င်စားစွာဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ဝက်ဆူကျေးရွာအုပ်စုရှိ ကျေးလက်နေပြည်သူ (၆၀)ဦးအား တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။


အောင်သူ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment