ခန္တီးမြို့တွင် ငွေနှင်းမှိုလက်တွေ့ စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာ မိတ်ဆက်ပွဲနှင့် လက်တွေ့ ကွင်းသရုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့တွင် ငွေနှင်းမှိုလက်တွေ့ စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာ မိတ်ဆက်ပွဲနှင့် လက်တွေ့ ကွင်းသရုပ်ပြပွဲပြုလုပ်


MNP ၊ မတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဒေသခံတောင်သူများ ငွေနှင်းမှိုလက်တွေ့စိုက်ပျိုး ထုတ်လုပ်ရာတွင် နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍  ခရိုင်စိုက်ပျိုးရေးဉီးစီး မှူးရုံးမှ ငွေနှင်းမှိုလက်တွေ့ စိုက်ပျိုးထုတ်လုပ် ခြင်းနည်းပညာ မိတ်ဆက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က ဇီးဖြူကုန်းရပ်ကွက် တောင်သူ ဉီးရက်ဆိုင်း၏ နေအိမ်ခြံဝင်းအတွင်းရှိ ငွေနှင်းမှိုစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။         


ရှေးဉီးစွာ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူး ဉီးနိုင်မော်လွင်က ငွေနှင်းမှိုလက်တွေ့ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာ မိတ်ဆက်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တောင်သူ ဉီးရက်ဆိုင်းမှ ငွေနှင်းမှိုလက်တွေ့ စိုက်ပျိုးထုတ်လုပ် မှုနည်းစနစ် အဆင့်ဆင့်အကြောင်း ရှင်းလင်း ပြောကြားကာ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။


အဆိုပါ မိတ်ဆက်ပွဲသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးဉီးစီးဌာနမှ ထုတ်ဝေသော ငွေနှင်းမှို စိုက်ပျိုးနည်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment