ရှမ်းပြည်နယ် မူဆယ်မြို့ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် မူဆယ်မြို့ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်းအနားပြုလုပ်



MNP ၊ မတ်  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လျှပ်စစ်ဝန်ကြီးဌာနမှ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အဖွင့်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး လျှပ်စစ်ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးက ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းတွင်ပါရှိသော ရည်ရွယ်ချက်များ၊ ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းအကြောင်းအရာများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ၊ ဆိုးကျိုးများ လျော့နည်းစေမည့်အစီအစဉ်များနှင့် စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်များတွင်ပါရှိသည့် စီမံကိန်းဆောင်ရွက်များနှင့် စီမံကိန်းလည်ပတ်သည့်ကာလတွင်ပါရှိသည့် ဆူညံသံနှင့် တုန်ခါမှု၊ ကုန်းနေဂေဟ စနစ်၊ လေအရည်အသွေး၊ မြေပြင်မြေအောက်အရည်အသွေး၊ ဇလဗေဒနှင့်ချောင်းသွင် ပြင်လက္ခဏာ၊ မြေအရည်အသွေး၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူထုကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်စွန့်ပစ်ပစ္စည်း(အစိုင်အခဲ၊ အရည်၊ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းစသည့် အချက်များတွင်ပါဝင်သည့် လျော့နည်းစေရန်နည်းလမ်းများနှင့် ကနဦးပတ်ဝန်းကျင်ကို ဆန်းစစ်ခြင်းဖြင့်လည်း ရရှိနိုင်သောအကျိုးကျေးဇူးများဖြစ်သည့် ဒေသခံ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်း၊ လျှပ်စစ်မီးရရှိမှုတိုးတက်လာခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာခြင်း စသည့်တို့ကိုလည်း  Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။


ယင်းအခမ်းအနားကို မူဆယ်မြို့နယ် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ချစ်ခင်သူပညာရှင်များ၊ မူဆယ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment