MNP ၊ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကလေးစာဖတ်ခန်းတွင် ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သုသုအေးက ကလေးများအား အားလုံးအတူစာအုပ်ထဲမှ အကြောင်းအရာများကို ပုံပြင်ပြောပြခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအတွက် အသိပညာဗဟုသုတ များရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန်ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသ စာအုပ် စာစောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဖတ်ညွှန်းအစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ကျန်းမာရေးကဏ္ဍအစီအစဥ်များကို ရိုက်ကူး၍ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment