ပုသိမ်မြို့ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတား တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတား တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး


MNP ၊ မတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တိုင်းဒသကြီး‌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုဆိပ်ခံတားနှင့် ဥမ္မာဒန္တီ ဆိပ်ခံတံတားအကြား ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား (Jetty)စုစုပေါင်းအလျား (၅၃၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့သည်။


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး၊ အရည်အသွေး ပြည့်မီစေရေး၊ ရေရှည်ကြံ့ခိုင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး  လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment