ရေနံချောင်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ


MNP ၊ မတ်  ၁၇

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက အ.ထ.က(၁)စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အား (၁၀)ပါး၊ ၁၉၄၇ ဇူလိုင် ၁၃ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက် စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်၊ ၂၀၂၂ ခုနှစ် မတ် ၂၇ ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက် အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်၊ ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် ပြည်သူချစ်တဲ့ တပ်မတော် ကဗျာ၊ တပ်မတော်နေ့ ဆောင်ပုဒ်နှင့် ကာတွန်းများ စသည့် အကြောင်းအရာများ ပါရှိသည်။


အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က စောင်ရေ(၂၀၀၀၀၀) အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment