MNP ၊ မတ် ၂၄
မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယမန်နေ့နံနက် ၉ နာရီကရောက်ရှိ၍ အောင်လံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော မြို့ပတ်လမ်း (၂+၃) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာအဖွဲ့ပိုင် အောင်မာလာပန်းခြံအတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်အား မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးခန်း၌ မြို့သန့်ရှင်းသာယာလှပရေး၊ ပန်းအလှပင်များစိုက်ပျိုးနိုင်ရေး၊ အဝေးပြေးကားကြီး ကွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်က Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း
#MyanmarNationalPost

No comments:
Post a Comment