အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ ပွဲစားအမျိုးသမီးနှစ်ဦးအား လူကုန်ကူးမှုဖြင့် အမှုဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ ပွဲစားအမျိုးသမီးနှစ်ဦးအား လူကုန်ကူးမှုဖြင့် အမှုဖွင့်


MNP ၊ မတ် ၂၀

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် အမျိုးသမီးနှစ်ဦးအား တရုတ်နိုင်ငံသို့ ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူ အမျိုးသမီးနှစ်ဦးအားလူကုန်ကူးမှုဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာလွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်နေ မ-------- သည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်စိတ် (၂)၊ လွယ်ဂျယ်ရုံးသို့ မတ် ၁၂ ရက် နံနက် ၁၀ နာရီခန့်က ရောက်ရှိလာပြီး ၎င်း၏ဆိုင်တွင်လုပ်ကိုင်နေသူ မ--------(၁၈)နှစ်သည် မှတ်ပုံတင်ပြုလုပ်ရန် နေအိမ်သို့ ပြန်သွားပြီးနောက်ပိုင်းတွင် မ------ (၁၈)နှစ်သည် လူကုန်ကူးခံရပြီး ဝပြည်နယ်၊ ပန်ဆန်းမြို့တွင် ရောက်ရှိနေသဖြင့် ကူညီကယ်တင်ပေးပါရန် တိုင်ကြားချက်အရ ကယ်တင်ရေးဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက် ည ၈ နာရီကျော်ခန့်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်စိတ် (၂)၊ လွယ်ဂျယ်ရုံးသို့ ရောက်ရှိကယ်တင်နိုင်ခဲ့သည်။

စစ်ဆေးမေးမြန်းချက်အရ မ-------(၁၈)နှစ်နှင့်အတူ လွယ်ဂျယ်မြို့၊ အောင်သီရိရပ်ကွက်နေ မ-------- (၃၃)နှစ်တို့အား ဆေးရုံကုန်းနေ ဖြူဖြူဝင်း (၄၄)နှစ်က တရုတ်အမျိုးသားယူလျှင် တစ်လ ယွမ်နှစ်သောင်းရမည်ဟုဆိုကာ စည်းရုံးခေါ်ဆောင်ခဲ့သဖြင့် လွယ်ဂျယ်–ဗန်းမော်-မန္တလေးသို့ ရောက်ရှိကာ တည်းခိုခန်းတစ်ခု၌ တည်းခိုနေစဉ် သေးသေးစန်း(ခ)မဘုမ ရောက်ရှိခဲ့ပြီး မန္တလေး-လားရှိုး-မူဆယ်-တန့်ယန်း-မိုင်းပေါက်-ပန်ဆန်းမြို့သို့ ရောက်ရှိကာ မ------(၁၈)နှစ်သည် တရုတ်အမျိုးသားမယူလိုသဖြင့် လွယ်ဂျယ်မြို့ရှိ ၎င်း၏အလုပ်ရှင်ထံသို့ ဖုန်းဆက်ပြီး ပွဲစား မရှမ်းမ ဆိုသူအား ခရီးစရိတ် ငွေကျပ်ငါးသိန်းပေးလျော်ကာ ပန်ဆန်းမြို့မှ လားရှိုးမြို့သို့ ပြန်လာစဉ် တာကော်အက်တံတား၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်စု(၁၆)၊လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာမှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မ------(၁၈)နှစ် (ကယ်တင်ရရှိ)နှင့် မ--------(၃၃)နှစ်(ကယ်တင်မရရှိသေး)တို့အား စည်းရုံးခေါ်ဆောင်သွားသူ ဖြူဖြူဝင်း(၄၄)နှစ်၊ ဆေးရုံကုန်း၊ လွယ်ဂျယ်မြို့(ဖမ်းဆီးရမိ) နှင့် သေးသေးစန်း(ခ)မဘုမ (၃၅)နှစ် (တိမ်းရှောင်)နေသူတို့အား လွယ်ဂျယ်နယ်မြေရဲစခန်းက (ပ)၉/၂၀၂၃ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)