ရွှေထည်များဝတ်ဆင်၍ သိဒ္ဓိတင်ပေးခဲ့သည် ဆရာတော်ကို သံဃနာယကအဖွဲ့က ခေါ်ယူဆုံးမ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေထည်များဝတ်ဆင်၍ သိဒ္ဓိတင်ပေးခဲ့သည် ဆရာတော်ကို သံဃနာယကအဖွဲ့က ခေါ်ယူဆုံးမ










MNP ၊ မတ် ၂၀

တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာမှ ဆရာတော် ဦးဥတ္တရ သည် ဟာသ အနုပညာရှင်များအား သိဒ္ဓိတင်ပေးနေသည့် ရုပ်သံ မှတ်တမ်း လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ဆရာတော်က ပန်းကုံးများဖြင့် ရွှေထည်ပစ္စည်းများဝတ်ဆင်ထားသည့်အပေါ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ပြီး ယမန်နေ့ က သံဃနာယက ဆရာတော်များက ခေါ်ယူ၍ သြဝါဒပေးခဲ့ပြီး နောက်နောင် ယခု ကဲ့သို့ မပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးသွားကြောင်း သိရသည်။

ရွှေထည်ပစ္စည်းများ ဝတ်ဆင်၍ ဒကာ၊ ဒကာမများအား လက်ဝါးပေါ် ဆေးပွတ်ပေးနေသည့် ရုပ်သံမှတ်တမ်းတွင် ကြာနီကန်ဆရာတော်၏ တရားတော်များကို ပျက်လုံးထုတ်ခဲ့သော မိုးတိမ်၊ ဒဲ့ဒိုးတို့ ပါဝင်သည်ကို တွေ့ရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)