ရွှေတောင်မြို့နယ် ဌာန ဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့်စာရေးဝန်ထမ်းများအားတွေ့ဆုံ၍လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ဌာန ဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့်စာရေးဝန်ထမ်းများအားတွေ့ဆုံ၍လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP ၊ မတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ပိုင်းကမြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့်စာရေးဝန်ထမ်းများအားတွေ့ဆုံ၍လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

အခမ်းအနား တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ၁၃၈၄-ခုနှစ်  မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ရန်ပုံငွေရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ၂၀၂၂ - ၂၀၂၃ခုနှစ် နွေစပါးလျာထားဧကပြည့်မီကျော်လွန်စေရေးနှင့် ပန်းတိုင်အထွက်တိုးရရှိစေရေး၊စိုက်စနစ်မျိုးမှန်ကန်စေရေး၊ ၂၀၂၃ - ၂၀၂၄ မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်စေရေးနှင့် ပန်းတိုင်အထွက်တိုးရရှိစေရေး၊ရွှေတောင်မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် နှင့် စီးပွားဖြစ်မွေးမြူလျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်အသား၊ငါး၊ဥစားသုံးမှုဖူလုံစေရေး၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် နေဗီယာမြက် လျာထားဧက ( ၁၈၀) ဧကပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက်မြေနေရာနှင့် စိုက်ပျိုးမည့်အစီအမံများ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး၊ စိုက်ဘဏ်ချေးငွေနှင့်သမချေးငွေ ကြွေးကျန်များကောက်ခံရရှိရေးစသည့်ကိစ္စရပ်အသီးသီးတို့ကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ရာ တက်ရောက်လာသော  ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းအကြောင်းအရာနှင့်ပတ်သက်သည့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်လုပ်ငန်းတာဝန်များလုပ်ဆောင်နေများကိုဆွေးနွေးပြန်လည်တင်ပြခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)