ဆိပ်ဖြူမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ



MNP ၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားအသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေး သည်။


အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာန ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှသည် လက်ရှိအချိန်ထိ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကာ နိုင်ငံတော်၏ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်၍ တပ်မတော်အား(၁၀)ပါးနှင့်အညီ နိုင်ငံတော်အတွက် အသက်သွေးချွေးများ ပေးဆပ်သောတပ်မတော်သားများကို ဂုဏ်ပြု၍ (၇၈)နှစ်မြောက် တပ်မတော်နေ့ကြိုဆိုသောအားဖြင့် သတင်းစကားအသိပညာပေးလက်ကမ်းစောင်များကို ထုတ်ဝေခဲ့သည်။ ၎င်းသတင်းစကား အသိပညာပေးလက်ကမ်းစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏  ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သောပြည်သူအစည်းဝေးပွဲကြီးတွင်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၇)နှစ်မြောက်တပ်မတော်နေ့ မိန့်ခွန်းကောက်နုတ်ချက်များနှင့်  (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အား(၁၀)ပါး ၊နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားများကို ဦးလည်မသုန်ထမ်းရွက်ခဲ့သည့် တပ်မတော်၏ သမိုင်းမှတ်တမ်းများအပြင် ဖိုလေးလုံး သောင်းကိုကိုရေးသားသည့်  ပြည်သူချစ်သော တပ်မတော်ကဗျာကဏ္ဍ နှင့် ကာတွန်း အသိပညာပေးကဏ္ဍများကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။


(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကားအသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ၊လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို အခမဲ့ ဖြန့်ဝေ အသိပညာပေးခဲ့ကြောင်း သိရသည်။


ကိုဇွဲ

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)