မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ ဘာသာရပ် စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ ဘာသာရပ် စတင်ဖြေဆို


MNP ၊ မတ်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၇) ခုဖြစ်သော အ-ထ-က (၁)တွင် (၅၁၃)ဦး၊ အ-ထ-က (ကြောင်ထောက်)တွင် (၅၂) ဦး၊ အ-ထ-က (ပျားမွတ်လျှော်ချောင်း)တွင် (၅၀)ဦး၊ အ-ထ-က (ကျော်ဇံ) တွင် (၂၅)ဦး၊ အ-ထ-က(အောက်မအူတုံး)တွင် (၉၆)ဦး၊ အ-ထ-က(ကျိုက်ပိ) တွင် (၁၂၃)ဦး၊ အ-ထ-က (လှိုင်းဘုန်း)တွင် (၃၉)ဦးစသည့်စာစစ်ဌာန (၇)ခုတို့တွင် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၈၉၉) ဦးတို့သည့် ယနေ့နံနက် (၉) နာရီအချိန်က မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။


မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှုအတွက် စာစစ် ဌာနအလိုက် အတွဲ (၁)၊ အတွဲ (၂)၊ အတွဲ (၇) ဘာသာရပ်များအလိုက် ဖြေဆိုမှုစာရင်းရှိ (၁၀၁၁) ဦး ရှိသော်လည်း (၁၁၂)ဦး ဖြေဆိုမှုပျက်ကွက်ခဲ့ပြီး (၈၉၉)ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု (၈၈.၉၂) ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးကြီးကြပ်မှုကော်မတီဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။


ရဲကိုမောင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment