ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို



MNP ၊ မတ်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိပြီး မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား၊ ကျောင်သူများ  အေးချမ်းစွာဖြေဆိုနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ကျိုက်လတ် မြို့နယ်တွင် အထက(၁)၊ အထက(ရုံးဒေါင့်)၊ အထက(လှိုင်းတာ)နှင့် အထက(ထရော်ရွာသစ်)၊ အထက(အိမ်ယာကြီး)၊ စုစုပေါင်း စာစစ်ဌာန(၅)ခုကို စာစစ်ဌာနများအဖြစ် အသုံးပြုလျက်ရှိပြီး တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် စာရင်းရှိ ကျား (၃၁၂)ဦးနှင့် မ (၄၇၆)ဦး စုစုပေါင်း (၇၈၈)ဦး၊ ဖြေဆိုသူကျား (၂၆၅) ဦး၊ မ(၄၃၈)ဦး စုစုပေါင်း (၇၀၃)ဦး ဝင်ရောက်ဖြေဆိုသဖြင့် ဖြေဆိုသည့် ရာခိုင်နှုန်း (၈၉.၂၁)ရာခိုင်နှုန်းရှိပြီး ပျက်ကွက်သူ ကျား(၄၇) ဦး၊ မ(၃၈) ဦး စုစုပေါင်း (၈၅)ဦးဖြစ်ကြောင်း  သိရသည်။


ဒေါ်ရီရီမြင့် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment